Sunday, October 13, 2013

iPhone style notification လေးလန်းချင်သူများအတွက် : iPhone Notifications version 6.3 Apk


ဒီ application လေးအကြောင်းမရေးခင် ကျွန်တော် စာစောင်တစ်ခုမှာဖတ်လိုက်ရတဲ့ သတင်းလေးတစ်ခုအကြောင်း အရင်ရေးပေးလိုက်ပါတယ်။ ကမ္ဘာ့ mobile လောက မှာ နာမည်အကြီးဆုံး ယှဉ်ပြိုင်မှု အပြင်းထန်ဆုံး OS နှစ်မျိုးဖြစ်တဲ့ Android နဲ့ Apple ရဲ့ iOS တို့အကြောင်းကိုတော့ အသုံးပြုတဲ့ user တွေက အသိဆုံးဖြစ်ပါလိမ့်မယ်။ အရင်တုန်းကဆိုရင် Apple မှာ ရှိတဲ့ သီချင်းတွေ၊  application တွေကို ဘယ်ဖုန်းကိုမှ bluetooth နဲ့ ပြန်ပြီး sharing လုပ်လို့မရပါဘူး။ အခုဆိုရင် zapya ဆိုတဲ့ application လေးထည့်လိုက်တာနဲ့ application ကလွဲရင် သီချင်းတွေ၊ ဗီဒီယိုတွေ အကုန်လုံးကို sharing လုပ်လို့ရနေပါပြီ။ နောက်ပိုင်းတွေမှာဆိုရင် apple မှာရှိတဲ့  application တွေကို android နဲ့ကူးယူ မျှဝေအသုံးပြုနိုင်အောင် စီစဉ်နေတယ်လို့တောင် သတင်းတွေထွက်ပေါ်လာခဲ့ပါသေးတယ်။ ဒါဟာ apple ရဲ့ ဖြေလျော့လိုက်တဲ့ လက်သီးဆုပ်လို့တောင် တင်စားပြီးရေးသားထားတာကိုတွေ့ရပါတယ်။

အခုလည်း ကြည့်လေ။ iPhone ရဲ့ application တော်တော်များများကို android အပေါ်မှာ အသုံးပြုနိုင်အောင်လို့ developer တွေက ဖန်တီးနေကြတာလဲ မျက်မြင်ပါပဲ။ အရင်တုန်းကတော့ apple ရဲ့ application တွေကို android ပေါ်မှာ အသုံးပြုနိုင်နေပြီဖြစ်ပါတယ်။
အခုဒီ application လေးကလည်း အိုင်ဖုန်းနဲ့အထိတွေ့ရှိဖူးကြတဲ့ မိတ်ဆွေတွေတော့သိမှာပါ။ iPhone မှာက massage တွေဝင်လာတာပဲဖြစ်ဖြစ် တခြား notification တွေကိုဖော်ပြတာပဲဖြစ်ဖြစ် android တွေမှာလို notification bar မှာပဲ အချက်ပေးတာမဟုတ်ပဲ new pop up window အနေနဲ့ ဖော်ပြပေးတာဖြစ်ပါတယ်။ iPhone နဲ့ အထိတွေ့မရှိတဲ့ သူတွေကတော့ viber နဲ့ဥပမာပေးရမှာပေါ့နော်။ ကျွန်တော်တို့ viber ကို အင်တာနက်ဖွင့်ပြီးအသုံးပြုနေတဲ့အချိန်မှာ viber ကိုမသုံးပဲ တခြား facebook တို့ကို အသုံးပြုနေတဲ့အချိန်မှာ ကိုယ့်သူငယ်ချင်းတစ်ယောက်ယောက်က viber ကနေစာပို့လိုက်တဲ့အခါမှာဆိုရင် new pop up window လေးနဲ့ သူပို့လိုက်တဲ့ စာသားတွေကို ဖော်ပြပေးတဲ့ ပုံစံမျိုးလေးပါ။

ဒီ application လေးကို install လုပ်ထားမယ်ဆိုရင် massage ပို့တာပဲဖြစ်ဖြစ်၊ တခြား notification တစ်မျိုးမျိုးကိုပဲဖြစ်ဖြစ် လက်ခံရရှိတဲ့အခါမှာ iPhone style new pop up window အနေနဲ့ ဖော်ပြပေးမှာဖြစ်တာကြောင့် တစ်မျိုးအမြင်စမ်းစေမှာပါ။ ဒီ application လေးကို အသုံးပြုလိုသူတွေအနေနဲ့ android version 2.1 နဲ့အထက်မှာဆိုရင် အသုံးပြုနိုင်ပါပြီဗျာ။


အောက်က link တွေကနေ download လုပ်နိုင်ပါတယ်။

အားလုံးအဆင်ပြေကြပါစေ.....

Aung Ko Htet



No comments:

Post a Comment